#GlobalMayDay2022 ကမ္ဘာ့မေဒေးနေ့ ခေါ်သံ!
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျွန်ုပ်တို့လို လုပ်ခလစာစား အလုပ်သမားတွေဟာ ထပ်တိုးတန်ဖိုးဖန်တီးတဲ့ ကုန်ထုတ်လုပ်ရေးကို အထောက်အပံ့ပြုရေးမှာ အပြိုင်အဆိုင် နေရာချထားခံရတယ်။ ကျွန်ုပ်တို့ အလုပ်သမားတွေဟာ နေထိုင်ရာ နေရာဒေသ၊ ကျား/မ၊ နိုင်ငံသားဖြစ်မှု မည်သို့ပင် ကွာခြားမှုရှိနေပေမယ့်လည်း တူညီတဲ့ တိုက်ပွဲ (မမျှတမှု၊ ခေါင်းပုံဖြတ်မှုကို တွန်းလှန်တဲ့တိုက်ပွဲ) ကို ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အတူရင်ဆိုင်ကြရမှာ ဖြစ်တယ်။ ပြည်သူ့လူမှုဝန်ဆောင်မှုအတွက် သုံးရတဲ့ ဘတ်ဂျက်များ လျှော့ချ ဖြတ်တောက်ခြင်း၊ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများကို နိုင်ငံပြောင်းရွှေ့ အပ်နှံလုပ်ကိုင်ခြင်း၊ ဆိုးဆိုးဝါးဝါး နည်းပါးသော လုပ်ခလစာများ၊ ပြည်သူပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း၊ လူနေမှုစရိတ် နဲ့ ကျောင်းလခများ မြင့်တက်လာခြင်းနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်း တို့ဟာဆိုရင် လက်ရှိကမ္ဘာ့ စီးပွါးရေးစနစ်ရဲ့ ရောဂါလက္ခဏာ အနည်းငယ်မျှသာ ရှိပါသေးတယ်။ ခေါင်းပုံဖြတ်ခြင်းနဲ့ ပြိုင်ဆိုင်ခြင်းတို့ အပေါ်မှာ အမှီသဟဲ ပြုထားတဲ့ စီးပွါးရေးစနစ်ဟာဆိုရင် ကျွန်ုပ်တို့ဘဝရဲ့ ဘက်ပေါင်းစုံကို စျေးကွက်ဆန်လာစေတယ်။ ကျွန်ုပ်တို့အလုပ်သမားတွေဟာ လုပ်ငန်းခွင်ထဲက ဘဝတူ အလုပ်သမား အချင်းချင်းကြား အပြိုင်အဆိုင် လုပ်ဖို့ ဖိအား၊ ကျွန်ုပ်တို့ရဲ့ လိုအပ်ချက်များ နဲ့ အတူနေ၊အတူလုပ်ကြရသည့် ဘဝတူအလုပ်သမားများနဲ့ ဖယ်ထုတ်၊ ခွဲထုတ်ခံရခြင်း၊ အထီးကျန်စေခြင်း စတဲ့ ဖိအားတွေကို ရင်ဆိုင်နေရပါတယ်။ ယင်းဖိအားတွေဟာဆိုရင် လုပ်ငန်းခွင်သာမက တက္ကသိုလ်၊ကျောင်း နဲ့ ကလေး၊ လူငယ်ဘဝတို့မှာပင် ရှိလာနေပါတယ်။ စျေးကွက်စီးပွါးရေးစနစ်နဲ့ ယင်းနဲ့ အလားတူ နိုင်ငံတွေ-နိုင်ငံတော်တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို မောင်းနှင်နေတဲ့ အတွေးအခေါ်ကတော့ ပြိုင်ဆိုင်မှုရဲ့ ပြဌာန်းချက် နဲ့ ထပ်တိုးတန်ဖိုးဖန်တီးတဲ့ ကုန်ထုတ်လုပ်မှု တို့အတိုင်း အလိုက်တသင့် ပြုမူလုပ်ဆောင်ခြင်းဟာ လူသားတွေရဲ့ လုပ်နိုင်စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်လာရေးထက် ပိုအရေးကြီးတယ်ဆိုတဲ့ အတွေးဖြစ်တယ်။
တူညီတဲ့ တရားဝင် အခြေခံလစာ (အစိုးရမှ တူညီတဲ့ အခြေခံလစာကို နိုင်ငံသားအားလုံးအား ပုံမှန်ပေးခြင်း၊ ပုံမှန်ပေးမည်ဆိုသည်ကို ဥပဒေမှာလည်းပြဌာန်းထားခြင်းကို ဆိုလိုသည်။) ပေးခြင်းကို ကမ္ဘာ့အဆင့်တွင် စတင်ကျင့်သုံးခြင်းဟာ လုပ်ခလစာစား ဆက်ဆံရေးများကနေ ကျော်လွန်ဖို့ရာ ပထမဆုံး လွတ်မြောက်ရာခြေလှမ်း ဖြစ်နိုင်ပါတယ်။
ကျွန်ုပ်တို့အလုပ်သမားများအနေနဲ့ ထိုလုပ်ခလစာစား ဆက်ဆံရေးတွေကို အနှောင့်အယှက်ဖြစ်စေရုံသာ ရည်ရွယ်တာမဟုတ်။ ထိုဆက်ဆံရေးများအား ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ရေးကိုပါ ရှေးရှုတယ်။
ဒီနှစ် မေဒေးနေ့မှာ ကျွန်ုပ်တို့အားလုံး ရင်ဆိုင်နေရတဲ့ ဂေဟစနစ်ယိုယွင်းပျက်စီးလာမှုကို အထူး အာရုံစိုက်စေချင်ပါသည်။ ထိုယိုယွင်းပျက်စီးလာမှုဟာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ ဆိုးဝါးစွာ အလုပ်လုပ်ရသည့် အခြေအနေများနှင့် ဆိုးဝါးစွာ နေထိုင်ရသည့် လူနေမှုအခြေအနေများကြောင့်ဖြစ်တယ်။ ထပ်တိုးတန်ဖိုးဖန်တီးတဲ့ ကုန်ထုတ်လုပ်မှု ကွင်းဆက်အတွင်းမှာ အလုပ်လုပ်နေကြရတဲ့ ကျွန်ုပ်တို့ အလုပ်သမားတွေအားလုံးသာ တညီတညွတ်တည်း ပေါင်းစည်းနိုင်မည်ဆိုရင် ကျွန်ုပ်တို့ အလုပ်သမားတွေရဲ့ အင်အား/ပါဝါဟာ အဆမတန် တိုးလာပါလိမ့်မယ်။
အထူးသဖြင့် အမျိုးသားရေးနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေ ပြင်းထန်လာနေချိန်မှာ ကျွန်ုပ်တို့အလုပ်သမားတွေ အနေနဲ့ တူညီတဲ့တိုက်ပွဲ (ခေါင်းပုံဖြတ် သွေးစုပ်မှုကို တွန်းလှန်တဲ့တိုက်ပွဲ) ကို အတူရင်ဆိုင်ပြီး အချင်းချင်းကြား ပြိုင်ဆိုင်ခိုင်းခြင်း၊ သွေးခွဲခြင်းတွေကို တွန်းလှန်ကြရမှာဖြစ်တယ်။
နယ်စည်းမခြားဘဲ အလုပ်သမားအားလုံး ပိုကောင်းမွန်သောဘဝရဖို့
#1world1struggle #GlobalMayDay2022
Call initiated by: FOB (Brazil), SAC (Sweden), IWW (Ireland), CGT (Spain)

2 comments